။ မေလပြီးရင် ။

အတန်းပညာကိုသင်ခဲ့ဖူးကြတဲ့သူတွေမှတ်မိကြမယ်။ မေလပြီးရင် …….?။ ဧပြီလကုန်ခါနီးမှာ စိန်ပန်းနီနီ၊ ငုပန်းဝါဝါ၊ပိတောက်ဝါရွှေ ကောင်းကင်သစ်သစ်မြင်ရတဲ့အချိန်ပါပဲ။ ဒီအချိန်မှာ ငယ်ငယ်ကလေးက ကျောင်းနေဘက်သူငယ်ချင်းတွေကို အထူးကိုသတိရမိပါလေရဲ့။။ မေလရက်တွေမှာ ပျော်စရာကောင်းသောလအဖြစ်မျိုးနဲ့ဘုရားဖူးသွားတာ၊ အလည်သွားကြတာပေါ့။ ကျောင်းလည်းပိတ်ထားတော့ ရပ်ဝေးသူငယ်ချင်းများနေတဲ့ရွာတွေကို လည်လည်သွားကြလို့ ပျော်စရာကြီးပါပဲ။ သရက်သီးခူး၊ ကနစိုးသီးခူး၊ သစ်တိုသီး၊ မရမ်းသီးများ ပင်လုံးကျွတ်မှည့်ကြလို့ ခူးစားနေကြတဲ့အရသာကို မမေ့မမေ့နိုင်တော့ဘူးလေ။။ သင်္ကြန်အပြီးဆိုပေမယ့် သင်္ကြန်နှုတ်ဆက်တဲ့ပိတောက်ပန်းတွေလည်း တစ်ပင်လုံးဝါဝါဝင်းရွှေပါပဲ။ သင်းပျံ့ပျံ့မွှေးနေသည်ဆိုတဲ့အတိုင်း ပန်းပိတောက်တွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သတိရပေါ့။ လှည့်လည်ကြည့်ရှုခဲ့တဲ့ ဘုရားပွဲတော်တွေလည်း သတိရမှရနေပါပဲ။။ ဇွန်လ(၁)ရက်ဆိုရင် တစ်နိုင်ငံလုံးမှာကျောင်းဖွင့်ပြီးလေ။ ကျောင်းမဖွင့်မီ လည်ရတဲ့ရက်တွေကို သတိတရဖြစ်မိတာက သင်္ကြန်ဘုရားပွဲပဲ။ ညိုရယ်၊ မြရယ်၊ သူရယ်ဆိုပြီး သူတို့ကို အထူးတလည်သတိရအောက်မေ့မိပါလေရဲ့။ သူတို့ဆီကို လှမ်းစာရေးရင် ” ဟေ့ ကိုသူလေးတဲ့ ၊ အလွမ်းအဆွေးကလေးလေးမဟုတ်တော့ပါဘူးတဲ့” ။။ မှန်ပါတယ်။ … Continue reading ။ မေလပြီးရင် ။